ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်) ကြည့်ရှုအားပေး

 




နေပြည်တော် ဧပြီ ၂၇


ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း (တတိယအကြိမ်)ကို ယနေ့တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထက (၁၄) တွင် ဖွင့်လှစ်သည်။


ဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယခု ဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံ တော်သမ္မတက “ကျောင်းမတက်မီ ရှေးဦးသူငယ် ဘဝကတည်းက မူလတန်းမတက်မီ မူကြိုတက်ခဲ့ ကြသည့် ကလေးများ အခြေခံ ကောင်းကြသည်ကို တွေ့ရပါကြောင်း၊ မူကြိုတက်ခဲ့သည့် ကလေးများမှာ မူလတန်းကအစ ပညာရေးတွင် ပိုမိုပညာလိုလားကြသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် မူကြိုကျောင်းများတွင် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးကို သက်ဆိုင်ရာဝန်ကြီးဌာနက အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိရောက်သည့် မူကြိုကျောင်းဖြစ်ရန် Early Childhood Care and Development ဖြစ်သည့် ရှေးဦး အရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးကြရန်” လမ်းညွှန်မှာကြား ချက်အပေါ် အလေးထားအကောင် အထည်ဖော် ဆောင်ရွက်သည့် သင်တန်းဖြစ်ပါကြောင်း။


ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်၍ KG နှင့် Grade-1 တက်ရောက်သည့် ကလေးသူငယ် များအတွက် အကူးအပြောင်း ကာလတွင် အဆင်ပြေချောမွေ့ရေးနှင့် ကျောင်းနေပျော်၍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်သည့်ကလေးများ ဖြစ်လာစေရေးကို ဦးစားပေး ဆောင်ရွက်ပေးနိုင်ရန် ယခု သင်တန်းကို ဘာသာရပ်များ ပြင်ဆင်ရေးဆွဲပြီး ပို့ချခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ပို့ချပေး လိုက်သည့် ကလေးစောင့်ရှောက်ရေးနည်းပညာများကို လက်တွေ့ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချခြင်းဖြင့် မိမိတို့နိုင်ငံအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အကျိုး ပြုမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ သင်တန်းသို့ တက်ရောက်လာသော ဆရာ ဆရာမများက မိတ်ဆက်ကြပြီး ဒုတိယဝန်ကြီးက သင်တန်း၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


သင်တန်းကို ဧပြီ ၂၇ ရက်မှ မေ၂၃ ရက်အထိ တစ်လတာ ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ထောင်စု နယ်မြေ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပညာရေးဝန်ကြီးဌာနမှ သင်တန်း သား သင်တန်းသူ ၆၁ ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနမှ သင်တန်းသား သင်တန်းသူ ၂၅ ဦး စုစုပေါင်း ၈၆ ဦးဖြင့် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.