နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
နေပြည်တော် ဧပြီ ၁၈
နိုင်ငံတော်တည်ငြိမ်ရေးနှင့်
နယ်မြေအေးချမ်းသာယာရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ
နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှု ရှိစေရေးအတွက်
ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေး
တာဝန်များနှင့် စစ်ဆင်ရေးတာဝန်များကို နေ့မအား ညမနား စွမ်းစွမ်းတမံ
တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား
ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ညောင်ပင်သာမြို့ရှိ
နယ်မြေခံတပ်ရင်း၌ ပြုလုပ်သည်။
အဆိုပါ
ဂုဏ်ပြုကြိုဆိုပွဲသို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်မှူးချုပ်သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊
မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့်
ဒေသခံပြည်သူများ တက်ရောက်၍ အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း
တပ်မတော်သားများအား အောင်သပြေခက်များ၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊
အခုန်များဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုကြပြီး တိုင်းမှူးက
ဂုဏ်ပြုအမှာစကား ပြောကြားကာ အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်း
တပ်မတော်သားများအား ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments