ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ၁၃၈၇ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစု ရေကစားမဏ္ဍပ်သို့ သွားရောက်၍ တပ်မတော်မိသားစုများနှင့်အတူ အတာရေသဘင်ပါဝင်ဆင်နွှဲ
နေပြည်တော် ဧပြီ ၁၄
ယနေ့ ဧပြီ ၁၄
ရက်တွင် ကျရောက်သည့် မြန်မာ့ရိုးရာအတာသင်္ကြန် အကျနေ့တွင် မဟာသင်္ကြန်ပွဲတော်ကို
နိုင်ငံတစ်ဝန်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိပြီး
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏
မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်သို့ ယနေ့နံနက်ပိုင်းတွင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်
ဇနီးဒေါ်ကြူကြူလှတို့ သွားရောက်၍ တပ်မတော်မိသားစုဝင်များနှင့်အတူ အတာရေသဘင်အား
အတူတကွ ပါဝင်ဆင်နွှဲကြသည်။
အဆိုပါ
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုများ၏ မဟာသင်္ကြန်ပွဲတော်ရေကစား
မဏ္ဍပ်သို့ နိုင်ငံတော်သမ္မတနှင့်ဇနီး နှင့် မိသားစုဝင်များ၊ ဒုတိယသမ္မတ
ဦးညိုစောနှင့်ဇနီး ဒေါ်စမ်းစမ်းအေး၊ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုအဆင့်
ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊
နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်
ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာရှင်များ၊ ယိမ်းအဖွဲ့များနှင့်
ဖိတ်ကြားထားသူများ စည်ကား သိုက်မြိုက်စွာ တက်ရောက်ကြသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊ လေ)
မိသားစုများ၏ မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်သို့ ရောက်ရှိကြရာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး ဒေါ်နီလာ၊
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး
ကျော်စွာလင်းနှင့် ဇနီး ဒေါ်နန်းကူးကူ၊ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်
ဇနီးများ၊ တာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက်
နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြဝတီတေးဂီတ အဖွဲ့နှင့်အတူ
နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့်
သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် အခမ်းအနား တက်ရောက်လာကြသည့် တပ်မတော်
ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်
(ကြည်း) နှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊
အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများ၊
အနုပညာရှင်များ၊ ယိမ်း အကအဖွဲ့များအား အတာသင်္ကြန်ရေကို မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ
ပက်ဖျန်းပေးကြပြီး အတာရေသဘင် ပွဲတော်ကို အတူတကွ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments