နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

 



နေပြည်တော် ဧပြီ ၂၁


သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေ ဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ဧပြီ ၆ ရက်မှ ၁၉ ရက် အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီး ဌာနများမှ ပေးပို့လာသော စာရင်း များအရ တရားမဝင် ကျွန်း ၁၅ ဒသမ ၀၄၃၀ တန်၊ သစ်မာ ၆၁ ဒသမ ၃၄၄၀ တန်၊ အခြား ၁၉၀ ဒသမ ၄၆၇၇ တန် စုစုပေါင်း ၂၆၆ ဒသမ ၈၅၄၇ တန်၊ ယာဉ်/ယန္တရား ငါးစီး၊ ပြစ်မှုကျူးလွန်သူ ၁၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.