ကော့မှူးတွင် မော်တော်ယာဉ်များသတ်မှတ်ချက်နှင့်အညီ မောင်းနှင်မှုရှိ မရှိစစ်ဆေး



ကော့မှူး ဧပြီ ၂၀


ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးကန်ကျေးရွာအုပ်စု၊ ​တိုးဂိတ်တွင် ကော့မှူး မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုံနံပါတ် အက္ခရာ၊ မနံပါတ်အက္ခရာ မော်တော်ယာဥ်များအား သတ်မှတ်ရက်အလိုက် မောင်းနှင်အသုံးပြုမှု ရှိ မရှိကို ဧပြီ ၁၉ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးရာတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၅၄) ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်း ဖြတ်သန်းမောင်းနှင်သော မော်တော်ယာဉ်များကို သတ်မှတ်ချက်များနှင့်အညီ မောင်းနှင်မှုရှိ မရှိကို စစ်ဆေးခဲ့ကြသည်။


ဆက်လက်၍ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သော မကျီးကန်ကျေးရွာအုပ်စုရှိ Apex နှင့် Max စက်သုံးဆီအရောင်းဆိုင်၊ အ​ဖျောက်ကျေးရွာအုပ်စုရှိ ရွှေသရဖူစက်သုံးဆီ အရောင်းဆိုင်များတွင် စက်သုံးဆီများ ဖြန့်​ဖြူးရောင်းချပေးနေမှုကို ညွှန်ကြားချက်များအတိုင်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်​ရေးနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေး၊ ယာဥ်ကြောပိတ်ဆို့မှု မရှိစေရေး၊ ပေပါခွံများ၊ ဆီပုံးအလွတ်များဖြင့် လာရောက်ဝယ်ယူလာပါက မရောင်းချ​ရေးတို့ကို အသိပေးမှာကြားခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)

No comments

Powered by Blogger.