မိတ္ထီလာခရိုင်၌ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ
မိတ္ထီလာ ဧပြီ ၂၃
မိတ္ထီလာခရိုင်၌ ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာနှစ်
ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့်
ခရိုင်အဆင့်ဌာနဆိုင်ရာများမိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေး
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး
ကော်မတီဥက္ကဋ္ဌ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက
အမှာစကား ပြောကြားပြီး အတွင်းရေးမှူး ခရိုင်စီမံကိန်း ဦးစီမှူးဦးညီညီ လတ်က ဒေသန္တရ
စီမံကိန်းရည်းမှန်းချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။ ထို့နောက် မြို့နယ် လေးမြို့နယ်မှ
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများထံသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း
တာဝန်များကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေးအပ်ခဲ့ကြောင်း
သိရသည်။
ချမ်းသာ(မိတ္ထီလာ)

No comments