ဂန့်ဂေါတွင် စာသင်သားရဟန်းတော်များ၊ ကိုရင်များအတွက် ပရိယတ္တိပူဇာကျင်းပ
ဂန့်ဂေါ ဧပြီ ၂၁
သာသနာ အဓွန့်ရှည်ရေး စာသင်သားရဟန်းတော်များနှင့် ကိုရင်ငယ်များအား ပစ္စည်းလေးပါး ပူပင်မှုမရှိစေရန် ဂန့်ဂေါမြို့ မြို့မရပ်ကွက်၏ (၃) ကြိမ်မြောက် ပရိယတ္တိဓမ္မပူဇာ၊ ပတ္တိဒါန ပတ္တာနုမောဒန မင်္ဂလာအခမ်းအနားကို ဧပြီ ၂၀ ရက်က မကွေး တိုင်းဒေသကြီး ဂန့်ဂေါမြို့ မြို့မ တောကျောင်း ယာပနီယကျောင်းဆောင်၌ ကျင်းပသည် ။
အခမ်းအနားတွင် ဂန့်ဂေါခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာများ၊ ကုသိုလ်ရှင် စေတနာရှင်များက သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည် ။
ဂန့်ဂေါမြို့ မြို့မရပ်ကွက်၏ စာသင်သား ရဟန်းတော်များ၊ ကိုရင်များအား ပရိယတ္တိပူဇာ ပူဇော်ရန်အတွက် ၂၀၂၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့၍ ပဒေသာပင် စိုက်ထူကာ ပရိယတ္တိပူဇာကို နှစ်စဉ်ပြုလုပ်ခဲ့ရာ ယခုနှစ်တွင် စာချတန်း သုံးပါးအတွက် ငွေကျပ် ၁၀ သိန်းစီ ၊ ပထမပြန်ငယ်၊ လတ်၊ ကြီး ငါးပါးအတွက် ငွေကျပ် ခုနစ်သိန်းစီ ပူဇော်ကြောင်း သိရသည်။
စိန်ကျော်

No comments