နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန တည်ဆောက်နေမှု ဒုတိယဝန်ကြီး ဦးအေးထွန်း ကြည့်ရှုစစ်ဆေး
ရန်ကုန် ဧပြီ ၂၇
ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အနုပညာ ဗဟိုဌာန(ရန်ကုန်) (Myanmar Art Center - Yangon) တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးကုမ္ပဏီ Project Director က နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန (ရန်ကုန်) တည်ဆောက်ရေး စီမံကိန်းတွင် အဆောက်အအုံ ဘေးနံရံများ ကာရံနေမှု၊ ဆောင်ရွက်ရန်ကျန် ရှိသော Steel Column များ၊ အမိုးအသစ်မိုးခြင်းနှင့် အမိုး အဟောင်းပြုပြင်ခြင်း လုပ်ငန်း များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နိုင်ငံတကာအဆင့်မီ အနုပညာ ဗဟိုဌာန(ရန်ကုန်) အဆောက်အအုံအတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments