ပြည်မြို့နယ်၌ နွေစပါးစိုက်တောင်သူများအတွက် စက်သုံးဆီများ ကျေးရွာများအရောက် ကွင်းဆင်းဖြန့်ဖြူးရောင်းချပေး
ပြည် ဧပြီ ၁၉
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်အတွင်း
နွေစပါးများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန် ယနေ့နံနက်ပိုင်းက မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့
တာဝန်ရှိသူများက နွေစပါးစိုက်တောင်သူများအတွက် စက်သုံးဆီများကို ကျေးရွာများအရောက်
ကွင်းဆင်းဖြန့်ဖြူးရောင်းချပေးကြောင်း သိရသည်။
ဖြန့်ဖြူးရောင်းချ
ထိုသို့ နွေစပါးစိုက်တောင်သူများအတွက်
စက်သုံးဆီများ ကွင်းဆင်းဖြန့်ဖြူးရောင်းချပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးကျော်ဇင်ဦးနှင့် မြို့နယ်လုပ်ငန်းကြီးကြပ်ရေး အဖွဲ့တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်
မြို့နယ်အတွင်း နွေစပါးလျာထားဧက ၂၀၅၆၁ ဧကအနက် စိုက်ပျိုးရန်ကျန်ရှိနေသော နွေစပါးဧက
၁၁၀ အတွက် အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် တစ်ဧကလျှင် တစ်ဂါလန်နှုန်းဖြင့်
စုစုပေါင်းစက်သုံးဆီဂါလန် ၁၁၀ အား တောင်သူများ လက်ဝယ်အရောက်ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း
သိရသည်။
ကိုဆက်(ပြန်/ဆက်)

No comments