ဟန်ဂေရီနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ စတင်
ဘူဒါပက်စ် ဧပြီ ၁၂
ဟန်ဂေရီနိုင်ငံ၏
ပါလီမန်ရွေးကောက်ပွဲအတွက် မဲပေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်သည်။ စစ်တမ်း ကောက်ယူမှုများအရ
ဝန်ကြီးချုပ် ဗစ်တာအော်ဘန်ဦးဆောင်သည့် အာဏာရ ဖီဒက်ဇ် ပါတီသည်
ပါတီအသစ်တစ်ခု၏နောက်တွင် ရောက်ရှိနေသည်ဟု ဖော်ပြထားသည်။
ဧပြီ ၁၂ ရက်
ညပိုင်း မဲရုံများပိတ်ပြီးနောက် မဲရေတွက်မှုများ စတင်မည်ဖြစ်သည်။ ဗစ်တာ အော်ဘန်သည် ဟန်ဂေရီကို
ဦးစားပေးသည့်ဝါဒကို နှစ်ခြိုက်သူဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်လည်း
အဆင်ပြေသည့်ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သူဖြစ်သည်။ ဟန်ဂေရီ ဝန်ကြီးချုပ်
ပြန်လည်ရွေးကောက်ခံရရေး အမေရိကန်သမ္မတ ထရမ့်က ခိုင်ခိုင်မာမာ ထောက်ခံပေးလျက် ရှိပြီး
ဒုတိယသမ္မတ ဂျေဒီဗန်စ်ကိုလည်း ဟန်ဂေရီသို့ စေလွှတ်ခဲ့သည်။
လွတ်လပ်သည့်
သုတေသနအုပ်စု၏ စစ်တမ်းကောက်ယူမှုတစ်ခုအရ အော်ဘန်၏ ပါတီသည် တစ်ဇာပါတီ၏ နောက်တွင် ၁၀
ရာခိုင်နှုန်း နောက်ကျနေသည်ဟု ဖော်ပြထားသည်။
တစ်ဇာပါတီသည် ဥရောပသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အကျင့်ပျက်ခြစားမှု
တိုက်ဖျက်ရေးကို ထောက်ခံသည်။
လက်ရှိအာဏာရပါတီကို
ထောက်ခံသူတစ်ဦးက အော်ဘန်သည် တိုင်းပြည်ကို ၁၆ နှစ် အုပ်ချုပ်ခဲ့ပြီး
အုပ်ချုပ်မှုများ အောင်မြင်ခဲ့ကာ ပြည်သူများ၏ဘဝတည်ငြိမ်စေခဲ့သည်ဟု
ပြောသည်။ တစ်ဇာ ပါတီကို ထောက်ခံသူတစ်ဦးကလည်း ဟန်ဂေရီနိုင်ငံသည် လူကြီးရော လူငယ်ပါနေထိုင်နိုင်သည့် နိုင်ငံအဖြစ်
ပြန်လည်ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ
No comments