ရွှေကောင်းမှုတော်စေတီ ထုံးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရွှေဘုန်းမြင့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲ ကျင်းပ
နေပြည်တော် ဧပြီ ၂၆
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်ဇေရန်အောင်
သပြေတစ်ထောင်ကျောင်းတိုက်၌ ရွှေကောင်းမှုတော်စေတီ ထုံးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ ဗုဒ္ဓါဘိသေက
အနေကဇာတင်လှူပွဲနှင့် ရွှေဘုန်းမြင့်စေတီတော် စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲကို
ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ဝင်းအတွင်း၌ ကျင်းပရာ မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်
ဆရာတော် ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော် သံဃာတော်များကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊
အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက
ရွှေကောင်းမှုတော်စေတီတော်အား ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ပြီး မြစ်ကြီးနားမြို့
ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကေတုမာလာထံမှ ကိုးပါးသီလနာယူ ဆောက်တည်၍
ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြသည်။ ထို့နောက်
တိုင်းမှူးနှင့် တာဝန်ရှိသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် အရန်စေတီ ထီးတော်များအား
ဆရာတော် ဘဒ္ဒန္တကေတု မာလာထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ
အမျှပေးဝေကြသည်။ ယင်းနောက် ရွှေဘုန်းမြင့် စေတီတော်အား လက်ယာရစ် သုံးကြိမ်လှည့်လည်ပူဇော်၍
စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် အရန်စေတီထီးတော်များအား အမွှေးနံသာရည်များ ပက်ဖျန်းပူဇော်ကြသည်။
ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား ရွှေဘုန်းမြင့်စေတီတော်၌
တင်လှူပူဇော်ခဲ့ပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
%20photos-7.jpg)
No comments