အိန္ဒိယနိုင်ငံက ဂျက်လေယာဉ်လောင်စာဆီဈေးနှုန်းများ တိုးမြှင့်မည်ဖြစ်ကြောင်း ကြေညာ
နယူးဒေလီ ဧပြီ
၁
အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်းများ မြင့်တက်လာချိန် တွင် အိန္ဒိယနိုင်ငံကလည်း ဂျက်လေယာဉ်
လောင်စာဆီဈေးနှုန်းများ မြင့်တက်မည်ဖြစ်ကြောင်း ဧပြီ ၁ ရက်က ကြေညာခဲ့သည်ဟု အရာရှိများက ပြောသည်။
ပြည်တွင်းလောင်စာဆီ လက်လီရောင်းချသူများက
လေယာဉ်လောင်စာဆီ တစ်ကီလို လီတာလျှင် အိန္ဒိယရူပီး ၁၀၄၉၂၇ (အမေရိကန်ဒေါ်လာ ၁၁၂၃ ဒသမ ၇၂) အထိ တိုးမြှင့်လိုက်သည်။
ပြည်တွင်း လေကြောင်းလိုင်းများထံ
လောင်စာဆီဈေးနှုန်းများ တိုးမြှင့်ကောက်ခံမှုသည် ကမ္ဘာ့ရေနံ ဈေးနှုန်းမြင့်တက်မှု၏
သက်ရောက်မှုကို တွန်းလှန်ရန် ရည်ရွယ်သည့် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အံ့သြဖွယ်ကောင်းသည့်
ပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်သည်ဟု အစိုးရက လောင်စာဆီဈေးနှုန်း မြင့်တက်မှုနှင့်ပတ်သက်ပြီး
ပြောကြားထားသည်။
ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ခြင်းကြောင့် လည်းကောင်း၊ ကမ္ဘာ့စွမ်းအင်ဈေးကွက် ကမောက်ကမဖြစ်သွားခြင်းကြောင့်လည်းကောင်း၊ ပြည်တွင်းဈေးကွက်တွင်
လေယာဉ်လောင်စာ ဆီဈေးနှုန်းများ ဧပြီ ၁ ရက်တွင်
၁၀၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့သည်ဟု
ရေနံနှင့် သဘာဝ ဓာတ်ငွေ့ဝန်ကြီးဌာနက
ထုတ်ပြန်ကြေညာထားသည်။
အိန္ဒိယလေကြောင်း ဝန်ကြီး ကင်ဂျာရာပူ ရမ်မိုဟန်နိုင်ဒူက ယခုကဲ့သို့ ချဉ်းကပ်လုပ်ဆောင်မှုက
ခရီးသည်များနှင့်လေကြောင်းကဏ္ဍကို အကာအကွယ်ပေးလိမ့်မည်ဟု ပြောကြားခဲ့သည်။
ဆင်ဟွာ

No comments