ပါကစ္စတန်နိုင်ငံ၌ မွေးကင်းစကလေးငယ်များတွင် မျောက်ကျောက်ရောဂါကူးစက်ခံစားနေရ



အစ္စလာမ္မာဘတ် ဧပြီ ၅

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ခိုင်ပါခရိုင်ရှိ မွေးကင်းစကလေးငယ်များတွင် မျောက် ကျောက်ရောဂါဖြစ်ပွားနေကြောင်း ဆင်းပြည်နယ်ရှိ ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့တွင်     အတည်ပြုပြောကြားခဲ့သည်။

ကလေးများသည် ပုံမှန်မဟုတ်သော အရေပြားရောဂါလက္ခဏာများ ခံစားနေရကြောင်း   ကျန်းမာရေးဌာနက   ပြောကြားခဲ့သည်။

ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ၎င်းကလေးငယ်များတွင် ရောဂါပိုးရှိကြောင်း         ကျန်းမာရေးအာဏာပိုင်များက  အတည်ပြုခဲ့သည်။

အာဏာပိုင်များက ရောဂါပိုးကူးစက်နိုင်ခြေများကို စစ်ဆေးဖော်ထုတ်နေစဉ် အစိုးရနှင့်  ပုဂ္ဂလိက ဆေးရုံများ၌   မွေးကင်းစကလေး   အထူးကြပ်မတ်ကုသ ဆောင်များကို ယာယီပိတ်ထားခဲ့သည်။

ရောဂါပိုးကူးစက်ခံရသူများနှင့် ထိတွေ့သူများအား ခြေရာခံခြင်းကို  ဆက်လက်လုပ်ဆောင်နေပြီး တင်းကျပ်သော ကူးစက်မှုထိန်းချုပ်ရေးအစီအမံများကို ကျင့်သုံးရန် တာဝန်ရှိသူများက ဆေးရုံများ အား ညွှန်ကြားထားသည်။

ရောဂါလက္ခဏာများခံစားရသည့် ကလေးငယ်များ ထပ်မံတွေ့ရှိပါက ဆေးကုသမှုခံယူရန် ကျန်းမာရေးဌာနများသို့ အမြန်ဆုံးပို့ဆောင်ရန် တာဝန်ရှိသူများက    ပြည်သူများအား တိုက်တွန်း ထားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.