အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ်ရှိ ဒူကိုနိုမီးတောင် ထပ်မံပေါက်ကွဲမှုဖြစ်ပွား
ဧပြီ ၂
အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ် မြောက်ဟယ်မာဟီရာဒေသရှိ ဒူကိုနိုမီးတောင်သည် ယနေ့ ဒေသစံတော်ချိန် ၁၁ နာရီ ၂၂ မိနစ်တွင် ထပ်မံပေါက်ကွဲမှုဖြစ်ပွားကာ အဖြူရောင်မှ မီးခိုးရောင် ထူထဲသော ပြာများကို တောင်ထိပ်မှ မီတာ ၁၅၀၀ သို့မဟုတ် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၅၈၇ ခန့်အထိ ထုတ်လွှင့်ခဲ့ကြောင်း မီးတောင်ဗေဒနှင့် ဘူမိဗေဒဆိုင်ရာအန္တရာယ်လျှော့ချရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ဒူကိုနိုမီးတောင်သည် မတ်လ ၃၁ ရက် မနက်ပိုင်းကလည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးတောင်ပြာများ တောင်ထိပ်အထက် မီတာ ၉၀၀ ခန့်အထိ မြင့်တက်သည်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments