လပွတ္တာခရိုင်၌ ဌာနဆိုင်ရာ ပုံမှန်အစည်းအဝေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ
လပွတ္တာ ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာပုံမှန်အစည်းအဝေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ
အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ လပွတ္တာခရိုင် အုပ်ချုပ်ရေးမှူး
ဦးလွင်ကိုဦးက အမှာစကား ပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ(ခ)ဦးဝင်းရွှေ၊
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်
ဦးစန်းမင်းတို့က လွှတ်တော်အတွေ့အကြုံနှင့် တာဝန်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက
မိမိတို့ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြရာ ခရိုင်အုပ်ချုပ်ရေးမှူးက
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments