ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူများ လျှပ်စစ်မီးအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေး လျှပ်စစ်ဓာတ်အားသွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု ကြည့်ရှုစစ်ဆေး

 



မြစ်ကြီးနား ဧပြီ ၁၉


ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း အဓိက လျှပ်စစ်မီးဖြန့်ဝေပေးနေသည့် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ရက်သတ္တ နှစ်ပတ်တာကာလအတွင်း ပြည်သူများ လျှပ်စစ်မီး နှင့် ရေအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရေးအတွက် လုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီက မြစ်ကြီးနားမြို့ပေါ်၌ လျှပ်စစ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လျှပ်စစ်ဓာတ်အားသွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ပြန်လည်အားသွင်းအသုံးပြုနိုင်သော လျှပ်စစ်ဆိုင်ရာပစ္စည်းများ အားသွင်းနိုင်ရေး စီစဉ် ဆောင်ရွက်ပေးနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ရှိ ရန်ကြီးအောင်ရပ်ကွက် မီးစက်ဝင်းအတွင်း လျှပ်စစ်ဌာနမှ ပြည်သူများ၏ EV ဆိုင်ကယ်၊ ဖုန်း၊ Power Bank များ၊ အားသွင်း မီးသီး/ မီးလုံးများ အားဖြည့်သွင်းနိုင်ရေး ပလပ်ခုံ များပြုလုပ်ထားရှိမှု၊ မြို့သစ်ရပ်ကွက်ရှိ ဘူးဂါး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းပိုင် အရေးပေါ်မီးပျက်တိုင်ကြားရန်ဌာနနှင့် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာရုံးဝင်းအတွင်း၌ အားသွင်းပလပ်ခုံများ ဖြင့် ဓာတ်အားသွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ ဝန်ဆောင်မှုရယူ၍ လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ထို့အတူ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ ဖြစ်သည့် မြေမြင့်ရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ အောင်နန်း ရပ်ကွက်တို့သို့ သွားရောက်၍ အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအတွင်း မီးစက်များ အသုံးပြု၍ လျှပ်စစ်အားသွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးအဖွဲ့များအား ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ အတွက် ၈ ပေx ၄ ပေ ဆိုလာပြားနှင့် 1800W ရှိ Power Station တစ်စုံစီဖြင့် စုစုပေါင်း ၁၈ စုံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ လျှပ်စစ်မီးပေးခြင်း လုပ်ငန်းကို ပြည်သူများသုံးစွဲမှုအလိုက် တိုးချဲ့ ပြင်ဆင်ဆောင်ရွက်ပေးနိုင်ရေး ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.