နယူးဇီလန်နိုင်ငံ၌ မတ်လတွင် ပို့ကုန် ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်
ဧပြီ ၂၀
နယူးဇီလန်နိုင်ငံ၏ စုစုပေါင်းပို့ကုန်များသည် မတ်လတွင် ယခင်နှစ်ကထက် ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ကာ နယူးဇီလန်ဒေါ်လာ ၇ ဒသမ ၉ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း နယူးဇီလန်စာရင်းအင်းဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပို့ကုန်များတွင် အဓိကအားဖြင့် အဖိုးတန်သတ္တုများ၊ လက်ဝတ်ရတနာများနှင့် ဒင်္ဂါးပြားများဖြစ်ပြီး သစ်သီးဝလံများက ဒုတိယအများဆုံးဖြစ်ကြောင်း ထိုဌာနက ပြောကြားခဲ့သည်။
ကီဝီသီးနှင့် ပန်းသီးများသည် ၂၀၂၆ ခုနှစ် မတ်လတွင် သစ်သီးဝလံပို့ကုန်တန်ဖိုး၏ ၉၅ ရာခိုင်နှုန်းကျော်ရှိသည်ဟု နိုင်ငံတကာစာရင်းအင်းပြောရေးဆိုခွင့်ရှိသူ Viki Ward က ပြောကြားခဲ့သည်။
သစ်သီးဝလံသည် နို့ထွက်ပစ္စည်းနှင့် အသားတင်ပို့မှုပြီးလျှင် နယူးဇီလန်၏ တတိယအကြီးဆုံး ပို့ကုန်ဖြစ်ကြောင်း Ward က မှတ်ချက်ပြုခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments