ဘန်လေအသင်းကို အနိုင်ရပြီး မန်စီးတီးအသင်း အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်းခွင့်ရရှိခဲ့
ဘန်လေအသင်းနဲ့ မန်စီးတီးအသင်းတို့
ဧပြီ ၂၃ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်မှာ မန်စီးတီးအသင်းက
ဘန်လေအသင်းကို အနိုင်ရပြီး ပရီမီယာလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။
ဘန်လေအသင်းနဲ့ မန်စီးတီးအသင်းတို့
ပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ မန်စီးတီး အသင်းက ပထမပိုင်းပွဲကစားချိန်
ငါးမိနစ်မှာရရှိခဲ့တဲ့ တိုက်စစ်မှူးဟာလန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုး ဖြင့်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။
အခုပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးသွင်းယူပေး ခဲ့တဲ့ တိုက်စစ်မှူးဟာလန်းဟာ ဘန်လေအသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ငါးပွဲမှာ
သွင်းဂိုးရှစ်ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဘန်လေအသင်းကို
အနိုင်ရရှိခဲ့ တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်
(၃၃) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၇၀ အထိ စုဆောင်းနိုင်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့
ရမှတ်တူ၊ ဂိုးကွာခြားချက်တူနေပေမယ့် ထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရရှိထား တာကြောင့်
မန်စီးတီးအသင်းက ဇယားထိပ်သို့ တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ဘန်လေအသင်းကို
အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပြိုင်ပွဲပြီးဆုံးဖို့ ငါးပွဲကျန်အနေအထားမှာ ဇယားထိပ်ဆုံးမှာ
ဦးဆောင်နိုင်ခဲ့ကာ ပရီမီယာလိဂ်ဖလားချန်ပီယံ ဖြစ်လာ နိုင်မယ့် အခွင့်အရေးနဲ့ နီးစပ်လာခဲ့ပြီး
ဘန်လေအသင်းကတော့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာ ကြောင့် ပရီမီယာလိဂ်ပြိုင်ပွဲကနေ ချန်ပီယံရှစ်ပြိုင်ပွဲဆီတန်းဆင်းရဖို့ သေချာသွားခဲ့ပြီလည်း
ဖြစ်ပါ တယ်။ မန်စီးတီးအသင်းဟာ ဘန်လေအသင်းကို
အနိုင်ရရှိခဲ့တာကြောင့် တန်းတက်အသင်းတွေနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်
(၃၀)မှာ ရှုံးပွဲမရှိအောင် စွမ်း ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် မန်စီးတီးအသင်းဟာ
ပရီမီယာလိဂ်နောက်ဆုံး ၁၁ ပွဲမှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ကြောင့် နည်းပြဂွာဒီယိုလာလက်ထက်
ဘောလုံးရာသီကိုးရာသီအတွင်းမှာ ပရီမီယာလိဂ်ဖလားကို ခုနစ်ကြိမ်အထိ ဆွတ်ခူးနိုင်မယ့် အခွင့်အရေးနဲ့လည်း
နီးစပ်လာခဲ့တာဖြစ်ပါတယ်။
ငွေကြယ်

No comments