ဂျပန်နိုင်ငံရှိ လေဆိပ်များ၌ ဖုန်းအားသွင်းကိရိယာများ အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်
တိုကျို ဧပြီ ၂၄
ဂျပန်နိုင်ငံရှိ
လေဆိပ်များ၌ ဖုန်းအားသွင်းကိရိယာများ (power banks) အသုံးပြုခြင်းကို ယနေ့မှ စတင်၍ တားမြစ်ပိတ်ပင်ခဲ့ကြောင်းသိရသည်။
လေဆိပ်များ၌
ဖုန်းအားသွင်းကိရိယာများ အသုံးပြုနေစဉ် မီးလောင်ခြင်း သို့မဟုတ် မီးခိုး
ထွက်ရှိမှုများ မကြာခဏဖြစ်ပွားပြီးနောက် အားသွင်းကိရိယာများ အသုံးပြုခြင်းကို
စတင်တားမြစ် ပိတ်ပင်ခြင်းဖြစ်သည်။
စမတ်ဖုန်းများနှင့်
အခြားစက်ပစ္စည်းများကို အားသွင်းကိရိယာများဖြင့် အားသွင်းခြင်းအပြင်
လေဆိပ်အတွင်းရှိ ပလပ်ပေါက်များကို အသုံးပြု၍ အားသွင်းခြင်းကိုလည်း တားမြစ်ထားသည်။
စည်းမျဉ်းသစ်အရ
ခရီးသည်တစ်ဦးသည် လေယာဉ်ပေါ်သို့ အားသွင်းကိရိယာ နှစ်ခုထက် ပိုမို ယူဆောင်ခွင့်မပြုကြောင်း
သိရသည်။
ဖုန်းနှင့်
အခြားစက်ပစ္စည်းများ အားသွင်းခြင်း သို့မဟုတ် ခွင့်ပြုထားသည်ထက် အားသွင်းကိရိယာများ
ပိုမိုယူဆောင်လာသူများသည် ထောင်ဒဏ် နှစ်နှစ် သို့မဟုတ် အမြင့်ဆုံးဒဏ်ငွေ ယန်းတစ်သန်း
(အမေရိကန် ဒေါ်လာ ၆၃၀၀)ခန့် ဒဏ်ငွေပေး ဆောင်ရမည် ဖြစ်သည်။
တိုကျိုမြို့
ဟာနီဒါလေဆိပ်၌ လေကြောင်းလိုင်း အမျိုးမျိုး၏ check-in ကောင်တာများတွင် ခရီးဆောင် အားသွင်းကိရိယာများ ပိုမိုယူဆောင်လာခြင်း ရှိ၊
မရှိကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် -
အောင်ကျော်ကျော်
No comments