ဂျပန်အရှေ့မြောက်ပိုင်းတောမီး ပြီးဆုံးမည့် အလားအလာမရှိသေးကြောင်း အာဏာပိုင်များ ပြောကြား
တိုကျို ဧပြီ ၂၇
ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း အိဝါတဲခရိုင်ရှိ မြို့တစ်မြို့၌ လွန်ခဲ့သောသီတင်းပတ်မှ စတင် ကျွမ်းလောင်ခဲ့သော
တောမီးသည် ပထမဆုံးအကြိမ် မိုးရွာသွန်းပြီးနောက် အားလျော့လာသော် လည်း အပြည့်အဝထိန်းချုပ်နိုင်မည့်
အလားအလာမရှိသေးကြောင်း မီးသတ်အာဏာပိုင်များက
ပြောသည်။
ဧပြီ ၂၇ ရက်တွင် အိုတာဆုချီ မြို့၌ မိုးရေချိန် ၁ ဒသမ ၅ မီလီမီတာ ရွာသွန်းခဲ့ကြောင်း ဒေသခံမိုးလေဝသ စောင့်ကြည့်ရေးအဖွဲ့က
ပြောကြားပြီး ယင်းနောက်နေ့တွင် မိုးရေချိန်မှာ
၂၀ မီလီမီတာအထိ ရွာသွန်းမည်ဟု ၎င်းတို့က
ခန့်မှန်းထားကြသည်။
ရဟတ်ယာဉ်များ၏ အကူအညီအပါအဝင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကိုယ်ပိုင်ကာကွယ်ရေး
တပ်ဖွဲ့ဝင် ၁၀၀၀ ကျော်တို့က ဧပြီ ၂၈
ရက်တွင်လည်း မီးငြှိမ်းသတ်ရေးလုပ်ငန်းများကို ဆက် လက်ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည်။
အဆိုပါ တောမီးသည် ဧပြီ ၂၂ ရက်က
ကိုဇူချီခရိုင်နှင့် ကီရီ ကီရီခရိုင်တို့တွင် စတင်လောင်ကျွမ်း ခဲ့ကာ ဧပြီ ၂၇
ရက် နံနက် ၆ နာရီအထိ ခရိုင်နှစ်ခုတွင် ခန့်မှန်းခြေ စုစုပေါင်း
၁၆၁၈ ဟက်တာ ခန့် မီးလောင်ခဲ့ပြီး ဧပြီ ၂၆ ရက်ကထက် ၂၄၅ ဟက်တာ ပိုမိုလောင်ကျွမ်းခဲ့ကြောင်း
ခရိုင် တာဝန်ရှိသူများက ပြောကြားသည်။
အင်န်အိတ်ချ်ကေ

No comments