ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ပညာတံခွန် ကျောင်းတိုက်တွင် သိက္ခာထပ် ၊ မုခ်ဦးနှင့် သံတံခါး ရေစက်ချ အလှူတော်မင်္ဂလာကျင်းပ

 


ရန်ကုန် ဧပြီ ၂၆

 

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် ပညာတံခွန်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (မဟာသဒ္ဓမ္မ ဇောတိကဓဇ)နှင့် အရှင်ယသ(သာသနဓဇဓမ္မာစရိယ)တို့အား ပုနောပ သမ္ပဒါသိက္ခာထပ်၊ မုခ်ဦးနှင့် သံတံခါးရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်း၌ ကျင်းပသည်။

 

ဦးစွာ ရခိုင်ပြည်နယ် ပြည်နယ်သံဃနာယကဥက္ကဋ္ဌ မဟာဂန္ထ ဝါစကပဏ္ဍိတ တောင်ရွှေရွာ ကျောင်းတိုက်ဆရာတော်အမှူးထား၍ ပညာတံခွန်ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တတေဇိန္ဒ (မဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် အရှင်ယသ(သာသနဓဇဓမ္မာစရိယ)တို့အား ပုနောပသမ္ပဒါသိက္ခာထပ်မင်္ဂလာပြုလုပ်သည်။

 

ဆက်ကပ်လှူဒါန်း

ထို့နောက် ဧည့်ပရိသတ်များက ရခိုင်ပြည်နယ် ပြည်နယ်သံဃ နာယကဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ တောင်ရွှေရွာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ပင့်ဖိတ်ထားသော ဆရာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရာ အလှူရှင်မိသားစုများနှင့် စေတနာရှင်များက န၀ကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် နိုင်ငံတော် သံဃမဟာနာယက တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ပရိယတ္တိဓမ္မိကာရုံကျောင်းတိုက် မင်းပြားမြို့ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉာဏိဿရ တိပိဋက မဟာဂန္ဓာရုံကျောင်း ကမ္ဘာအေးဆရာတော်ထံမှ ရေစက်ချ တရားနာကြား၍ လှူဒါန်းမှုအစုစုတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် မုခ်ဦးအလှူရှင် ရဟန်းဒါယကာ ဦးခိုင်မင်းထက် မိသားစု၊ သံတံခါးအလှူရှင် ရဟန်းဒါယကာ ဦးမျိုးမင်းသူ မိသားစုတို့က လူ ၂၀၀၀ စာ ထမင်းလှူဒါန်းပြီး ဆန်တစ်ပြည်အိတ် ၂၅၀ ကို ထပ်မံလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခိုင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.