တောင်ကြီးမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ လမ်းလျှောက်သင်္ကြန်တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားလျက်ရှိ
တောင်ကြီး ဧပြီ ၁၄
ရှမ်းပြည်နယ် (တောင်ပိုင်း)
တောင်ကြီးမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကျနေ့ဖြစ်သည့်
ယနေ့နံနက် ၈ နာရီခွဲမှစတင်၍ ပြည်သူများ ပျော်ရွှင်စွာ ရေပက်ကစား လျက်ရှိကြပြီး မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်၊
သနပ်ခါးသင်္ကြန်နှင့် ကော်ဖီသင်္ကြန်များ ထည့်သွင်း ကျင်းပရာတွင်လည်း
ရေပက်ကစားကြသူများ၊ စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။
၁၃၈၇ ခုနှစ်
မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်လျှောက်တွင် မြန်မာ့ရိုးရာ
လမ်းလျှောက်သင်္ကြန်၊ မြန်မာ့ရိုးရာ ထမနဲသင်္ကြန်၊ သနပ်ခါးသင်္ကြန်နှင့်
ကော်ဖီသင်္ကြန်များ ထည့်သွင်းကျင်းပခြင်း၊ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေခြင်း၊ တေးသီချင်းများဖြင့်
သီဆိုဖျော်ဖြေ ခြင်းများအပြင် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ မိသားစု ရေကစားမဏ္ဍပ်အပါအဝင်
မြို့နယ်တွင်းရှိ နေရာအနှံ့အပြားတွင် စတုဒိသာများ ကျွေးမွေး ဧည့်ခံခြင်းများဖြင့် စည်ကား သိုက်မြိုက်စွာ
ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)
No comments