မွန်ဂိုးလီးယားနိုင်ငံ၏ ပထမသုံးလပတ်တွင် နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၃၉ ရာခိုင်နှုန်း မြင့်တက်



ဧပြီ ၉

မွန်ဂိုလီးယားနိုင်ငံသို့ ယခုနှစ် ပထမသုံးလပတ်တွင် နိုင်ငံခြားခရီးသွား ဝင်ရောက်မှုသည် ယခင်နှစ်က နိုင်ငံခြားခရီးသွားဝင်ရောက်မှုထက် ၃၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်း နိုင်ငံ၏ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ဝန်ကြီးဌာနက ဧပြီ ၇ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

ဇန်နဝါရီလမှ မတ်လအတွင်း နိုင်ငံခြားခရီးသွား စုစုပေါင်း ၁၄၃၄၃၁ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ရှည်လျားပြီး ကြမ်းတမ်းသော ဆောင်းရာသီများနှင့် တိုတောင်းသော နွေရာသီများဖြင့် သွင်ပြင်လက္ခဏာရှိသော ရာသီဥတုကြောင့် နိုင်ငံအနေဖြင့် ခရီးသွားလုပ်ငန်းတွင် ရာသီအလိုက် ကန့်သတ်ချက်များနှင့် အစဉ်အလာအရ ရင်ဆိုင်ခဲ့ရသည်။

အစိုးရသည် တစ်နှစ်ပတ်လုံး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် နှစ်စဉ် နိုင်ငံခြားခရီးသွားဦးရေတစ်သန်းထက်မနည်း လာရောက်ရန် ရည်ရွယ်ကာ မွန်ဂိုးလီးယားသို့ လာရောက်လည်ပတ်မည့် နှစ်များ အစီအစဉ်ကို ၂၀၂၈ ခုနှစ်အထိ တိုးချဲ့ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကုန်းတွင်းပိတ်နိုင်ငံဖြစ်သော မွန်ဂိုလီးယားနိုင်ငံသို့ ၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွားစုစုပေါင်း ၈၄၆၁၀၃ ဦးလာရောက်ခဲ့ရာ ယခင်နှစ်ကထက် ငါးရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.