ဇလွန်မြို့နယ်ရှိ စက်ရုံအလုပ်ရုံနှင့် ကျေးရွာများအား မီးဘေးလုံခြုံရေး အသိပညာပေး
ဇလွန် ဧပြီ ၉
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်
မီးသတ်ဦးစီးမှူး ဦးရန်လင်းထွဋ် ဦးဆောင်မှုဖြင့် ယနေ့မွန်းလွဲပိုင်းက ဇလွန်မြို့နယ်ရှိ
စက်ရုံ၊ အလုပ်ရုံနှင့် ကျေးရွာနေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် အကြံပြုခြင်းများကို
ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဇလွန်မြို့နယ်
မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်စုံအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊
ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက စက်ရုံအလုပ်ရုံရှိ ဝန်ထမ်းများအား မီးသတ်ဆေးဘူး လက်တွေ့အသုံး
ပြုတတ်စေရန် သင်ကြားခဲ့ပြီး တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် အကြံပြုခြင်းများကို
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးဟိန်းထက်

No comments