ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ဒေသတစ်ဝိုက်၌ နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို
နေပြည်တော် ဧပြီ ၁၈
နိုင်ငံတော်တည်ငြိမ်ရေးနှင့်
နယ်မြေအေးချမ်းသာယာရေးတို့အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ဒေသ တစ်ဝိုက်၌
နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန်
နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို
ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်
တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ အရာရှိ၊
စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်
ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်တက်ရောက် ဂုဏ်ပြု ကြိုဆိုကြသည်။
ဒေသခံ တိုင်းရင်းသားပြည်သူများ
နေ့စဉ်လူမှုဘဝတွင် အေးချမ်းစွာ နေထိုင်နိုင်ရေး၊ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ
လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်း
စစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနား စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်ခဲ့သော
ရှေ့တန်းပြန်တပ်မတော်သားများအားတိုင်းမှူးနှင့် တက်ရောက်လာကြသူများက
အောင်သပြေခက်များ၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ
သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားကာ
အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများနှင့်အတူ
ဂုဏ်ပြုနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments