၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၌ ပါဝင်ဖျော်ဖြေမည့် ကိုရီးယားအနုပညာရှင်များ ရောက်ရှိ



ရန်ကုန် ဧပြီ ၁၂

 

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်၊ ဖျော်ဖြေရေးများနှင့် လမ်းလျှောက် သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှင့် KK Media (CST Myanmar) တို့ပူးပေါင်းပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဖျော်ဖြေ တင်ဆက်ရန်အတွက် ကိုရီးယားအနုပညာရှင်များသည် ယနေ့ညပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

 

ပါဝင်ဆင်နွှဲဖျော်ဖြေသီဆိုကြမည်

အဆိုပါ K- Pop အနုပညာရှင်များမှာ ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များရှိ မဟာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲဖျော်ဖြေ သီဆိုကြမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.