ဒစ္စနေးကုမ္ပဏီ ဝန်ထမ်း ၁၀၀၀ အထိ လျှော့ချရန်စီစဉ်
လော့စ်အိန်ဂျလိစ် ဧပြီ
၉
အမေရိကန်ဖျော်ဖြေရေးနှင့် မီဒီယာကုမ္ပဏီကြီးဖြစ်သည့် ဒစ္စနေး သည် လာမည့်သီတင်းပတ်များ အတွင်း ဝန်ထမ်းအင်အား ၁၀၀၀
အထိ လျှော့ချရန် စီစဉ်လျက်ရှိကြောင်း သတင်းအရင်းအမြစ်များ ကိုကိုးကား၍ ဝေါစထရိဂျာနယ်က
ဖော်ပြထားသည်။
ဒစ္စနေးကုမ္ပဏီသည် ၎င်း၏ စီအီးအိုအသစ် ဂျို့ရှ်
ဒမယ်ရို လက်ထက် အကြီးမားဆုံးလှုပ်ရှား မှုတစ်ရပ်အဖြစ် ဝန်ထမ်းအင်အား
အကြီးအကျယ်လျှော့ချမှုကို လုပ်ဆောင်ရန် ပြင်ဆင်ခြင်း ဖြစ်သည်။ အခြားသော ဟောလိဝုဒ်စတူဒီယိုများကဲ့သို့ပင်
ဒစ္စနေးကုမ္ပဏီသည် ယခင်
Linear ရုပ်မြင်သံကြားမှ ရရှိခဲ့သောအမြတ်နှင့်နှိုင်းယှဉ်ပါက
Streaming မှရရှိသောအမြတ်ငွေမှာ လျော့နည်းခြင်းနှင့်အတူ
နည်းပညာကုမ္ပဏီများ၏ ပြင်းထန်သောယှဉ်ပြိုင်မှုတို့နှင့် လိုက်လျော ညီထွေဖြစ်အောင် ကြိုးပမ်း
နေရသည်။
ဒစ္စနေးကုမ္ပဏီသည် တိုးတက်ရန်အလားအလာရှိသည့် ဒစ်ဂျစ်တယ်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံ
ရန် ကြိုးပမ်းနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါကုမ္ပဏီသည် ဂျို့ရှ်ဒမယ်ရို
လက်ထက်မတိုင်မီ စီအီးအိုဟောင်း ဘော့အိုင်ဂါလက်ထက် ၂၀၂၂ ခုနှစ် ကလည်း အဓိကပြန်လည် တည် ဆောက်ရေးအစီအစဉ်ကို စတင်ခဲ့ပြီး
ဝန်ထမ်းအင်အား ၈၀၀၀ ကျော်ကို လျှော့ချခဲ့ဖူး သည်။ အသက် ၅၄ နှစ်ရှိပြီဖြစ်သော
ဂျို့ရှ်ဒမယ်ရိုသည် ဝေါ့ဒစ္စနေးကုမ္ပဏီ၌ မတ် ၁၈
ရက်မှ စတင်ကာ စီအီးအိုဖြစ်လာခဲ့သည်။
ဆင်ဟွာ

No comments