ကြံခင်းမြို့ရှိ အုတ်ရေလှောင်ကန်များ စစ်ဆေး

 


ကြံခင်း ဧပြီ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်းရှိ အုတ်ရေလှောင်ကန်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသုံးပြု၍ ရ/မရ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကြံခင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးကိုကိုနိုင် ဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်လျှပ်စစ်အဖွဲ့ဝင်များပါဝင်သော အဖွဲ့များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် အသုံးပြု၍ ရ/မရ စစ်ဆေးခဲ့ကြောင်း သိရသည်။

ဧရာဦးသာ

No comments

Powered by Blogger.