ကြံခင်းမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ဆီနှင့် ကြက်ဥများ ဈေးနှုန်းသက်သာစွာ ရောင်းချ

 


ကြံခင်း ဧပြီ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူကြသော အငြိမ်းစားဝန်ထမ်းများအား ဆီနှင့် ကြက်ဥများ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်‌သည်။

 

ထိုသို့ ရောင်းချပေးနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်း၊ တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ဝင်းမော်တို့က ကြည့်ရှုအားပေးကြသည်။

 

ရောင်းချရာတွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေး ကော်မတီအဖွဲ့ဝင်များနှင့် စားအုန်းဆီလက်လီ/လက်ကားရောင်းဝယ်ရေး လုပ်ငန်းရှင်များပူးပေါင်း၍ ဆီတစ်ပိဿာလျှင် ငွေကျပ် ၇၆၃၃ ကျပ် နှုန်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် တစ်ဦးလျှင် ဆီ ၅၀ ကျပ်သား၊ ကြက်ဥ လေးလုံးစီဖြင့် စုစုပေါင်း ဆီပိဿာ ၁၁၀ နှင့် ကြက်ဥ အလုံး ၅၀၀ ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)

No comments

Powered by Blogger.