တပ်ကုန်းမြို့နယ်၌ နွေစပါးစိုက်ပျိုးဧကများအတွက် စက်သုံးဆီများ စျေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး
တပ်ကုန်း ဧပြီ ၂၀
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ နွေစပါးစိုက်ပျိုးဧကပြည့်မီရေး စက်သုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဧပြီ ၂၀ ရက် နံနက်ပိုင်းက ကျားသေအိုင်ကျေးရွာအုပ်စုနှင့် ညောင်လွန့်ကျေးရွာအုပ်စုရှိ စိုက်ပျိုးစီးပွားအသိပညာပေး စင်တာ(KC)တွင် စက်သုံးဆီများ ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် တပ်ကုန်းမြို့နယ်တွင် နွေစပါးလျာထားစိုက်ဧက ၉၁၁၄ ဧက၊ စိုက်ပြီးဧက ၈၆၁၄ ဧက၊ စိုက်ပျိုးရန်ကျန်သည့် ၅၀၀ ဧကအတွက် တစ်ဧကလျှင် တစ်ဂါလံနှုန်း၊ တစ်ဂါလံကို ၁၀၀၀၀ ကျပ်ဖြင့် စုစုပေါင်း ဂါလံ ၅၀၀ ကို နွေစပါးစိုက်တောင်သူများ လက်ဝယ်အရောက် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်
No comments