အာဖဂန်ဒုက္ခသည်မိသားစု ၁၀၀၀ နီးပါး တစ်ရက်အတွင်း နေရပ်ပြန်လာ



ဧပြီ ၂၃

အာဖဂန်ဒုက္ခသည်မိသားစု ၁၀၀၀ နီးပါးသည် တစ်ရက်အတွင်း ၎င်းတို့၏ဇာတိမြေသို့ ပြန်လာကြပြီး ဒေသဆိုင်ရာအခြေအနေများ ပြောင်းလဲလာနေချိန်တွင် နေရပ်ပြန်ပို့ခြင်း၏ လက်ရှိလမ်းကြောင်းကို မီးမောင်းထိုးပြလျက်ရှိကြောင်း တရားဝင်မီဒီယာ ဘတ်ခ်ထာသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါအစီရင်ခံစာအရ မိသားစုပေါင်း ၉၄၃ စုသည် အိမ်နီးချင်းအီရန်နှင့် ပါကစ္စတန်နိုင်ငံတို့မှ နိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြသည်။ နေရပ်ပြန်လာသူများသည် အနောက်ပိုင်းဟီရတ်ပြည်နယ်ရှိ Islam Qala၊ အရှေ့ပိုင်းနန်ဂါဟာပြည်နယ်ရှိ Torkham နှင့် တောင်ပိုင်းကန်ဒါဟာပြည်နယ်ရှိ Spin Boldak အပါအဝင် အဓိကနယ်စပ်ဖြတ်ကျော်မှုများမှတစ်ဆင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာကြသည်။

အခက်အခဲများရှိနေသော်လည်း အာဖဂန်နစ္စတန်သည် လက်ရှိစီးပွားရေး၊ လူမှုရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး နေရပ်ပြန်မိသားစုများစွာသည် ၎င်းတို့၏ဇာတိမြေတွင် ၎င်းတို့၏ဘဝများကို ပြန်လည်တည်ဆောက်ရန် မျှော်လင့်ချက်ထားရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.