ချောင်းသာမြို့၌ (စတုတ္ထအကြိမ်မြောက်)နှစ်ဦးအထူးတရားပွဲ ကျင်းပ

 


ချောင်းသာ ဧပြီ ၂၂

 

ဧရာဝတီတိုင်းဒေသကြီး ချောင်းသာမြို့၌ မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကွန်ရက်ဝင် ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတအသင်းက ကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် နှစ်ဦးဓမ္မပူဇာသဘင်ပွဲကို ယမန်နေ့ည ၈ နာရီက အမှတ်(၃)ရပ်ကွက် မြို့မဘောလုံးကွင်းတွင် ကျင်းပသည်။

 

ချောင်းသာမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ဦးဓမ္မပူဇာသဘင်ပွဲ ပထမနေ့တွင် သီတဂူလမင်း အရှင်ပညာနန္ဒ မဟာဓမ္မဂယာဟိတဓရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (ဧရာဝတီ) ပြည်နယ်နှင့် တိုင်းဒေသကြီး ပရဟိတကွန်ရက် သြဝါဒနာယကဆရာတော်က တရားရေအေး အမြိုက်ဆေးတို့ ဟောကြားခဲ့သည်။

 

အဆိုပါ ဓမ္မသဘင်ပွဲကို ဧပြီ ၂၁ ရက်မှ ၂၅ ရက်အထိ ငါးညတိုင်တိုင် ညစဉ် ၈ နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး တရားနာပရိသတ်များအား ဓမ္မပါလ ပရဟိတအသင်းနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသော ပရဟိတအသင်းများနှင့် အသင်းသား အသင်းသူများက မော်တော်ယာဉ်များဖြင့် အိမ်တိုင်ရာရောက် အကြို/အပို့ ကုသိုလ်ပြုပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်း(ချောင်းသာ)

No comments

Powered by Blogger.