နော်ဝေနိုင်ငံတောင်ပိုင်းတွင် နှင်းထုပြိုကျမှုကြောင့် နှစ်ဦးသေဆုံး
ဧပြီ ၇
နော်ဝေနိုင်ငံတောင်ပိုင်း Hemsedal ဒေသတွင် နှင်းထုပြိုကျမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း နော်ဝေမီဒီယာများက ဖော်ပြခဲ့သည်။
Buskerud ကောင်တီ Hemsedal ဒေသတွင် နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ရာ လူလေးဦးသည် နှင်းထုပြိုကျမှုတွင် ပိတ်မိနေပြီး ၎င်းတို့အနက် တစ်ဦးသည် တစ်နာရီခန့် ပျောက်ဆုံးနေခဲ့သည်ဟု အင်န်အာကေရုပ်သံလွှင့်ဌာန၏ပြောကြားချက်အရ သိရသည်။
သေဆုံးသူနှစ်ဦးသည် အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရဟတ်ယာဉ်တစ်စင်းအပါအဝင် ရရှိနိုင်သော ကယ်ဆယ်ရေးအရင်းအမြစ်များကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
လိမ္မော်ရောင်နှင်းထုပြိုကျမှုသတိပေးချက်သည် ထိုဒေသတွင် အသက်ဝင်ခဲ့ပြီး အန္တရာယ်များစွာရှိကြောင်း ညွှန်ပြနေကြောင်းနှင့် လေတိုက်ခတ်မှုကြောင့် လွင့်မျောနေသော နှင်းများသည် ထိုဒေသရှိ အဓိကနှင်းထုပြိုကျမှုပြဿနာဖြစ်ကြောင်း တရားဝင်သတိပေးချက်အချက်အလက်များအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments