နယူးဇီလန်နိုင်ငံ၌ ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် အရေးပေါ်အခြေအနေကြေညာ



ဧပြီ ၂၀

နယူးဇီလန်နိုင်ငံ၏မြို့တော်ဝယ်လင်တန်၌  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့သဖြင့် ယနေ့တွင် အရေးပေါ်အခြေအနေကြေညာခဲ့ပြီး အမျိုးသားတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။

ရေကြီးရေလျှံမှုကြောင့် နေအိမ်ထိခိုက်ခဲ့ပြီး ပျောက်ဆုံးနေသော ကာရိုရီဆင်ခြေဖုံးရပ်ကွက်မှ အသက် ၆၀ ကျော်အရွယ် Philip Sutton ကို ရှာဖွေလျက်ရှိကြောင်း ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

 မိုးလေဝသဌာန၏ ပြောကြားချက်အရ ထိုဒေသသည် ဧပြီ ၂၁ ရက်နေ့ညအထိ မိုးသည်းထန်စွာရွာသွန်းမှု  အနီရောင်သတိပေးချက်အောက်တွင် ရှိနေသေးကြောင်း ဖော်ပြထားသည်။

ယခုအချိန်အထိ မဖြစ်မနေပြောင်းရွှေ့ရမည့် အစီအစဉ်များ မရှိသေးသော်လည်း မြေနိမ့်ပိုင်းနှင့် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိသော ဒေသများရှိ ဒေသခံများအနေဖြင့် လာမည့် ၂၄ နာရီအတွင်းရွှေ့ရန် ပြောကြားထားပြီး  အိုးမဲ့အိမ်မဲ့များအတွက် အရေးပေါ်အကူအညီပေးရေးစင်တာတစ်ခု ဖွင့်လှစ်ထားသည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.