ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ
နေပြည်တော် ဧပြီ ၂၂
ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ အမျိုးသားစီမံကိန်း၊
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့ တက်ရောက်ကြပြီး
ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် H.E. Mr.
Kallayana Vipattipumiprates နှင့် Gen. Nothapol
Boonngam နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ
ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင်
မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်သည်နှင့် အညီ
သံတမန် ဆက်ဆံမှုများ ရှည်ကြာကောင်းမွန်လျက်ရှိမှု အခြေအနေများနှင့်
ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ
ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ
ပပျောက်ရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ လျှော့ချနိုင်ရေးတို့အတွက်
ပူးပေါင်းဆောင်ရွက် သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသ
ကုန်သွယ်မှုများမြှင့်တင်နိုင်ရေးအတွက် ကုန်သွယ်မှု လမ်းကြောင်းများ
ပြန်လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး
တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်း ပပြုလုပ်နိုင်ခဲ့ပြီး
ပြည်သူများကရွေးချယ်သည့် အစိုးရအဖွဲ့က နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ်၌
ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်
အစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေး
ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ဖိတ်ခေါ်ထားရှိမှု အခြေအနေများ၊
မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီ ချက် (၅) ရပ်ပါ အချက်များတွင် ပါဝင်သည့်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေး
ကြိုးပမ်းဆောင်ရွက်မှုများနှင့် အခြားအချက်များကို အကောင်းဆုံး ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံမှ ပါဝင်ကူညီဆောင်
ရွက်ပေးသွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊
ရင်းနှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့်
ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများ
ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး
တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments