ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်ဒုတိယဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
နေပြည်တော် ဧပြီ ၁၀
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
ဦးခင်ရီသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr.
Sholban Kara-ool ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား
ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့် ခန်းမဆောင်၌
လက်ခံတွေ့ဆုံသည်၊၊
အဆိုပါတွေ့ဆုံပွဲသို့
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ဥပဒေ
ကြမ်းကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒကျော်စွာ၊ ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ
ဦးတေဇကျော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ
ဦးသန်းထွန်း ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ
မြန်မာနိုင်ငံဆိုင်ရာ ရုရှာ ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့်
ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ကြသည်၊၊
တွေ့ဆုံစဉ်
မြန်မာ-ရုရှား နှစ်နိုင်ငံ လွှတ်တော်အချင်းချင်းအကြား
ရင်းနှီးမှုပိုမိုတိုးမြှင့်နိုင်ရေး၊ လွှတ်တော်နှစ်ရပ်အကြား
ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ
အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲအပြီးတွင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော်
ဒုတိယဥက္ကဋ္ဌတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်
လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ
ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
သတင်းစဉ်
No comments