တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား
ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများ
တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေး
နေပြည်တော် မေ ၄
တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral
Dinesh Kumar Tripathi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား
ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ)
ဗိုလ်ချုပ်ကြီးထိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ
တက်ရောက်ကြပြီး အိန္ဒိယရေတပ် ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယသံမတ်ကြီး H.E. Mr. Abhay Thakur ၊ မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယကြည်းတပ် စစ်သံမှူး Colonel Jaswinder Singh Gill ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူး Captain Manoj
Kumar Pandey နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ်
နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့်
ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊
နှစ်နိုင်ငံခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များ အပြန်အလှန်
လည်ပတ်ခြင်းဖြင့် ခိုင်မာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့မှု အခြေအနေများ၊
နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အဆင့်လိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် စေလွှတ်ရေးဆိုင်ရာ
ကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှုအဖွဲ့များနှင့် အားကစားအဖွဲ့များ
အပြန်အလှန် အလည်အပတ် စေလွှတ်မည့် အခြေအနေများ၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုဆိုင်ရာ
ကိစ္စရပ်များ၊ သင်တန်းသားများ စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်များအကြား
စွမ်းဆောင်မှုဆိုင်ရာ မြှင့်တင်ရေး စစ်ရေးလေ့ကျင့်ခန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည့်
အခြေအနေများ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ
တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း
အကြမ်းဖက်သောင်းကျန်းသူများ မရှိစေရေး လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်သွားမည့်
အခြေအနေများနှင့် မြန်မာနိုင်ငံတွင် တရားမျှတ၍ သိက္ခာရှိသော ရွေးကောက်ပွဲပြီးမြောက်ကာ
ပြည်သူကို ကိုယ်စားပြုသည့် အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်နှင့်အညီ ဆက်လက်
လျှောက်လှမ်းကာ ဒေသတွင်းအကျိုးစီးပွားကို ဟန်ချက်ညီ ဆက်လက်ဖော်ဆောင်သွားမည့်
အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရ
လက်ဆောင် ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments