ဇလွန်မြို့နယ်၌ လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်) စီမံကိန်းဆောင်ရွက်ရန် ကွင်းဆင်းဆွေးနွေး

 


ဇလွန် မေ ၃

 

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် အုတ်ရှစ်ကွင်းကျေးရွာ၌ အောင်မင်္ဂလာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများအား မိုးစပါးအချိန်မီစိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်းမျိုးသန့် အသုံးပြုနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းက ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

 

ဆွေးနွေးပွဲကို အုတ်ရှစ်ကွင်းကျေးရွာ စာသင်ကျောင်း၌ ပြုလုပ်ရာ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်စိုးအေးက အသင်းသားတောင်သူ ၂၅ ဦး၊ စိုက်ပျိုးဧက ၅၀ အတွက် မိုးစပါးစိုက်ပျိုးအကောင်အထည်ဖော်မည့်အခြေအနေ၊ မျိုးနှင့် သွင်းအားစု လိုအပ်ချက်၊ စက်သုံးဆီလိုအပ်မှုများနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး အသင်းသား တောင်သူ ဦးသောင်းအေး၏ လယ်မြေငါးဧကတွင် မြေပြုပြင်ထားရှိမှုကို တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဇလွန်(ပြန်/ဆက်)

No comments

Powered by Blogger.