မိုးစပါးစိုက်ပျိုးမည့် လယ်ကွက်(မြေကွက်)များ စာရင်းကောက်ယူမှု လက်တွေ့သင်ကြားပို့ချ
ရန်ကုန် မေ ၃
ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇
မိုးစပါးစိုက်ပျိုးမည့် လယ်ကွက် (မြေကွက်)များ လက်ကိုင်ဖုန်းအသုံးပြု၍ CAPI စနစ်ဖြင့်
တိကျမှန်ကန်မြန်ဆန်စွာ စာရင်းကောက်ယူနိုင်ရန် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး
မြေစာရင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လက်တွေ့သင်ကြား ပို့ချပေးခဲ့သည်။
အဆိုပါ လက်တွေ့ပို့ချမှုကို ကြေးတိုင်နှင့်
မြေစာရင်းဦးစီးဌာနရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရဲထွန်းက မေ ၇ ရက်အထိ မိုးစပါးနှင့်စံကွက်ရိတ်သိမ်းမှု
စာရင်းကောက်ယူခြင်း နည်းလမ်းသစ်နှင့် စပါးစိုက်ကွက်များ စာရင်းပြုစုရာ၌ မှန်ကန်မြန်ဆန်စွာပြုစုနိုင်ရန်
လက်ကိုင်ဖုန်းကို အသုံးပြု၍ CAPI စနစ်ဖြင့် စာရင်းကောက်ယူနည်းတို့ကို လက်တွေ့ သင်ကြားပေးခြင်းဖြစ်ပြီး
တက်ရောက်ကြသည့် ရန်ကုန်တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ အောက်မြန်မာပြည် ကြေးတိုင်နှင့်
မြေစာရင်းဦးစီးဌာနနှင့် ရခိုင်ပြည်နယ် မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်း ၅၈
ဦးတို့က ကျန်သော ဝန်ထမ်းများအား ဆင့်ပွားသင်တန်းများအဖြစ် သက်ဆိုင်ရာမြို့နယ်တို့တွင်
ပြန်လည် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဥဿ

No comments