သရက်နှင့်အောင်လံခရိုင်တို့တွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့လေ့ကျင့်လျက်ရှိ
သရက် မေ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင်နှင့် အောင်လံခရိုင်အတွင်းရှိ မြို့နယ် မီးသတ်ဦးစီးဌာနများတွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ အသင့်စုဖွဲ့လေ့ကျင့်လျက်ရှိသည်။
အဆိုပါ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးလှိုင်၊ ခရိုင်ဦးစီးမှူး ဦးမောင်မောင်ထွေးတို့က ကြီးကြပ်ပြီး သရက်ခရိုင် လေးမြို့နယ်နှင့် အောင်လံခရိုင် နှစ်မြို့နယ်တို့တွင် တစ်မြို့နယ်လျှင် ဦးစီးအရာရှိတစ်ဦး စုစုပေါင်းတပ်ဖွဲ့ဝင် ၃၅ ဦးဖြင့် စနစ်တကျ ဖွဲ့စည်းထားကာ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက လျင်မြန်စွာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
ကောင်းစစ်နိုင်

No comments