ဟူနန် မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၆ ဦးရှိလာ
ချန်းရှား မေ ၆
တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ်၌ မေ ၄ ရက်က ဖြစ်ပွားခဲ့သော မီးရှူးမီးပန်းစက်ရုံ
ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၆ ဦးရှိပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက
မေ ၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ချန်းရှားမြို့တော်ဝန် ချန်ပိုကျန်းက သေဆုံးသူများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့၏ မိသားစုဝင်များနှင့်
ထိခိုက်ခံစားခဲ့ရသောဒေသခံများ၊ လူမှုအသိုင်းအဝိုင်းများ အားလုံးကို တောင်းပန် ကြောင်းနှင့်
ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားသည်။
သတင်းစာရှင်းလင်းပွဲမစတင်မီ တက်ရောက်သူများက သေဆုံးသူများအတွက် ဝမ်းနည်းခြင်း
အထိမ်းအမှတ်အဖြစ် အသံတိတ်ခြင်း ပြုလုပ်ခဲ့ကြသည်။ ပေါက်ကွဲမှုသည် မေ ၄ ရက် ညနေ ၄ နာရီ
၄၃ မိနစ်ခန့်တွင်ဖြစ်ပွားခဲ့ပြီး ဟူနန်ပြည်နယ် မြို့တော်ချန်းရှားရှိ ဟွာရှန်း မီးရှူးမီးပန်းထုတ်လုပ် ရေးနှင့် ပြသရေးကုမ္ပဏီ၏စက်ရုံတွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ

No comments