အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင်ပေါက်ကွဲမှုကြောင့် နှစ်ဦးသေဆုံး

 


မေ ၈

အင်ဒိုနီးရှားနိုင်ငံ မြောက်မာလူကူပြည်နယ်တွင် ဒူကိုနိုမီးတောင် ပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် မီးတောင်ပေါက်ကွဲမှုကြောင့် ပိတ်မိနေသော တောင်တက်သမား ၂၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းလုပ်ဆောင်လျက်ရှိကြောင်း ရှာဖွေကယ်ဆယ်ရေးအာဏာပိုင်များက အစောပိုင်းတွင် ပြောကြားခဲ့သည်။

ဒူကိုနိုမီးတောင်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာများ ကောင်းကင်ယံသို့ ကီလိုမီတာ ၁၀ ခန့်အထိ မြင့်တက်ခဲ့သည်ဟု သိရသည်။

မိုးရွာသွန်းမှုအတွင်း မီးတောင်ရွှံ့နွံများ စီးဆင်းနိုင်ကြောင်းနှင့် မီးတောင်ဝ၏ လေးကီလိုမီတာအကွာအတွင်း လှုပ်ရှားမှုများ မပြုလုပ်ကြရန် ဒေသတွင်းကယ်ဆယ်ရေးအာဏာပိုင်များက ဒေသခံများအား သတိပေးပြောကြားထားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.