ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မင်းဘူးပြည်သူ့ဆေးရုံကြီးနှင့် မကွေးပြည်သူ့ဆေးရုံကြီး ကြည့်ရှုစစ်ဆေး
နေပြည်တော် မေ ၂၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုတို့သည်
ယနေ့နံနက်ပိုင်းတွင် မင်းဘူးပြည်သူ့ဆေးရုံကြီးကို လှည့်လည်ကြည့်ရှုကာ အစည်းအဝေးခန်းမ၌
ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေး
ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မကွေးပြည်သူ့ဆေးရုံကြီး၌
ဆောက်လုပ်ရေးဝန်ကြီးဌာနက ငါးထပ်ကုသဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကာ
အဆောက်အအုံ အရည်အသွေး ကောင်းမွန်စွာ၊ ဖွဲ့စည်းတည်ဆောက်ပုံ မှန်ကန်စွာဖြင့် အချိန်မီပြီးစီးစေရေး
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ မကွေးပြည်သူ့ဆေးရုံကြီး အထွေထွေ ရောဂါကုသဆောင်၊
ဆီးချိုနှင့် ဟော်မုန်းရောဂါကုသဌာန၊ ဆီးနှင့်ကျောက်ကပ်ကုသဌာန၊ ကလေးကုသဆောင်၊ မွေးကင်းစအထူးကြပ်မတ်ကုသဆောင်၊
မျက်စိရောဂါကုသဆောင်တို့ကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊
ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ လက်ထောက် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံကာ
ဆေးကုသရေး လုပ်ငန်းများနှင့် သင်ကြားရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဆွေးနွေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments