အီရန်နှင့် ဆွေးနွေးမှုကောင်းများရရှိခဲ့ကြောင်း ထရမ့်ပြောကြား
ဝါရှင်တန် မေ ၇
အမေရိကန်အနေဖြင့် ပြီးခဲ့သည့်တစ်ရက်အတွင်းက
စစ်ပွဲပြီးဆုံးရေးအတွက် အီရန်နှင့် ဆွေးနွေးမှု များ ကောင်းစွာဆောင်ရွက်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၇ ရက်တွင် ပြောကြားသည်။
စစ်ပွဲဖြစ်ခဲ့သည်မှာ နှစ်လရှိနေပြီဖြစ်သည်။
အီရန်အနေဖြင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် ဆန္ဒရှိနေပြီး နှစ်ဖက်ကြားဆွေးနွေးမှုအခြေအနေများ
ကောင်းမွန်ကာ ငြိမ်းချမ်းရေးရရှိရန် နီးကပ် လာပြီဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အီရန်မှ အမေရိကန်တပ်ဖွဲ့များ
လက်ရှိအချိန်တွင် ဆုတ်ခွာသွားသည့်တိုင် အီရန်နိုင်ငံကို
ပြန်လည် ထူထောင်ရန် နှစ် ၂၀ ခန့် အချိန်ယူရနိုင်ကြောင်း
၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ

No comments