ကျောက်မဲမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး
ကျောက်မဲ မေ ၃၁
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်
နမ့်ဟူးတောင်းကျေးရွာရှိ တရုတ်ရိုးရာသုံး စက္ကူထုတ်လုပ်သည့် စက္ကူစက်ရုံများသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်
ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မဲခရိုင်
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိန်မောင်ဌေးနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ
တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က နမ့်ဟူးတောင်းကျေးရွာခန်းမ၌ ဒေသခံစက္ကူလုပ်ငန်းရှင်
၂၀ နှင့်တွေ့ဆုံကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်
ညစ်ညမ်းမှုမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည်
နမ့်ဟူးတောင်းကျေးရွာရှိ စက္ကူစက်ရုံ ခြောက်ရုံသို့ ကွင်းဆင်းစစ်ဆေးပြီး မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့်
မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments