ဇေယျာသီရိမြို့နယ် ရွာသစ်ကုန်းကျေးရွာ တောင်ပေါ်လမ်းပိုင်းကို ကွန်ကရစ်လမ်းခင်း
နေပြည်တော် မေ ၇
နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်
ကျောက်ဖျာအုပ်စု ရွာသစ်ကုန်းကျေးရွာသို့ သွားရောက်သည့် တောင်ပေါ်လမ်းပိုင်းကို ယနေ့နံနက်ပိုင်းတွင်
မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေမှရရှိသော အတိုးငွေ ၅၀ ရာခိုင်နှုန်း၊ ဒေသခံအလှူရှင်များနှင့်
ပြင်ပအလှူရှင်များစုပေါင်း၍ ကွန်ကရစ်လမ်းခင်းပြုပြင်ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
ရွာသစ်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၁၅၉ စုနှင့် လူဦးရေ ၆၁၅ ဦးတို့ အားကိုးအားထားပြု
သွားလာနေသည့် ကျောက်ခင်းလမ်းကို ဆိုင်ကယ်မောင်းရန် သင့်တော်သည့် ကွန်ကရစ်လမ်းအဖြစ်
ပြုပြင်ဖောက်လုပ်နေခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါလမ်းပိုင်းသည် အရှည် ၅ မိုင် ၄ ဖာလုံခန့်ရှိပြီး
တောင်ပေါ်ဒေသထွက်ကုန်များ မြေပြန့်ဒေသသို့ သယ်ပို့ရောင်းချရာတွင် အရေးပါသည့် လမ်းပိုင်းတစ်ခုဖြစ်ကြောင်း
သိရသည်။
ကြေးမုံ

No comments