တောင်တွင်းကြီးမြို့၌ သီးနှံမျိုးစေ့များ ပေးအပ်
တောင်တွင်းကြီး မေ ၂၈
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်
စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်း/အထွက် ကောင်းသီးနှံများရရှိရေးအတွက်
ယမန်နေ့က ပန်းသွင်ကြီးကျေးရွာအုပ်စု၌ သီးနှံမျိုးစေ့များ ပေးအပ်သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး
ဒုတိယတိုင်း ဦးစီးမှူးဦးငွေဆန်းက ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေး၊ အရည်အသွေးကောင်း၊
အထွက်ကောင်းသည့် သီးနှံများရရှိရေး၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်သီတာဝင်းက သီးနှံအထွက်နှုန်းမထိခိုက်စေသည့်
ဓာတ်မြေဩဇာလျှော့ချသုံးစွဲရန် နည်းလမ်းများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်မျိုးအေးက
တောင်သူများပူးပေါင်းပါဝင်သော မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို လည်းကောင်း
ဆွေးနွေးပြောကြားပြီး နှမ်း၊ နေကြာ၊ ဝါနှင့် ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)

No comments