ကိုလံဘီယာနိုင်ငံအလယ်ပိုင်းရှိ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် လေးဦးသေဆုံး
မေ ၁၁
ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း Cundinamarca ဒေသရှိ ကျောက်မီးသွေးတွင်းပေါက်ကွဲမှုကြောင့် သတ္တုတွင်းလုပ်သားလေးဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းမီးသတ်အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် မေ ၉ ရက် မွန်းလွဲပိုင်းတွင် Cucunuba မြူနီစပယ်ရှိ Las Quintas သတ္တုတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် သတ္တုတွင်းလုပ်သားလေးဦး မြေအောက်တွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ပိတ်မိနေခဲ့သည်ဟု သိရသည်။
Cundinamarca ဒေသမီးသတ်အရာရှိများက ယမန်နေ့နံနက်ပိုင်းတွင် သတ္တုတွင်းလုပ်သားလေးဦး၏ ရုပ်အလောင်းများကို တွေ့ရှိကြောင်း အတည်ပြုခဲ့သည်။
ထိုမတော်တဆမှုသည် ဘေးကင်းရေးချို့ယွင်းမှုများ သို့မဟုတ် ပြင်ပအချက်များကြောင့် ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ အာဏာပိုင်များကစုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments