မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr.
Harishchandra Ghimire အား ယနေ့မွန်းလွဲ ၁
နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား နှစ်နိုင်ငံဘဏ်လုပ်ငန်းဆိုင်ရာနှင့်
ဘဏ္ဍာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ဒီဂျစ်တယ်ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များ၊
ဘဏ်လုပ်ငန်းတွင် ခေတ်မီအိုင်စီတီနည်းပညာများဖြင့် အဆင့်မြှင့်တင်ရေးအတွက်
ဆွေးနွေးပွဲများ ဆောင်ရွက်ရန်တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
No comments