သနပ်ပင်မြို့နယ်၌ မိုးရာသီ(အကြို)ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုး

 


သနပ်ပင် မေ ၃၁

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်သစ်တောဦးစီးဌာနက သနပ်ပင်မြို့နယ်အတွင်း မိုးရာသီ(အကြို) ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ဖရဲကျေးရွာနှင့် ကမာဖရန်ကျေးရွာသွား ကားလမ်းဘေး၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်မျိုးဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်းမြေ့အောင်နှင့် ဝန်ထမ်းများက ပျိုးပင်များကို ဖြန့်ဝေပေးကာ ပြုစုထိန်းသိမ်းခြင်းများအကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောသည်။ ထို့နောက် တက်ရောက်လာသူများက ပိတောက်၊ မဟော်ဂနီ စသည့်ပျိုးပင်ပေါင်း ၅၀၆ ပင်အား စုပေါင်း၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.